Pages

Pages

မိုင်းယန်းမြို့၌ Clean and Green လုပ်ငန်းဆောင်ရွက်မှုအခြေအနေ ရှင်းလင်းခြင်းအခမ်းအနား ကျင်းပ




MNP ၊ အောက်တိုဘာ  ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြု့၌ Clean and Green လုပ်ငန်းဆောင်ရွက်မှုအခြေအနေ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မိုင်းယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် Clean and Green လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကုမ္ပဏီတာဝန်ရှိသူမှ ချပြရှင်းလင်းရာ မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ဇင်မှ Clean and Green လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြမှုအပေါ် လိုအပ်သည့်အချက်များ လမ်းညွှန်မှာကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးစိုင်းလှိုင်ခမ်းမှ လက်ရှိ ဆောင်ရွက်နေသည့် (Lot) တစ်ခုချင်းစီအလိုက် အားနည်း/အားသာချက်များကို အကြံပြု ဆွေးနွေးတင်ပြခဲ့ပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌတို့မှ လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးခဲ့ကြပြီး ဝိန်းလိတ်ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မိမိရပ်ကွက်အတွင်း ဆိုလာမီးတိုင်ရရှိနိုင်ရန် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ဇင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ထွန်းထွန်းထူး

https://t.me/MyanmarNationalPost




No comments:

Post a Comment