Pages

Pages

ဒဂုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community. Center ၌ စာဖတ်ဝိုင်းကျင်းပ


MNP ၊ အောက်တိုဘာ  ၁၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ ယမန်နေ့နံနက်(၁၁)နာရီတွင်(Women Club)အဖွဲ့ဝင်များနှင့် စာရေးဆရာမ ခင်စောတင့်ရေသားသည့် စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


စာဖတ်ဝိုင်းတွင် ပြန်ုကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးခိုင်က စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (WomenClub)အဖွဲ့ဝင် စာရေးဆရာမ ဒေါ်စုစုသိန်းက စာဖတ်ဝိုင်းအား ဦးဆောင်ဆွေးနွေးခဲ့ပါသည်။


ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ (Women Club) အဖွဲ့ဝင်များက လမ်းလျှောက်ထွက်ကြမယ်၊ မွေးမေမေနဲ့ကျွေးမေမေ၊ မျှော်လင့်ချက်၊ စွန့်စားမှုဆီသို့ခြေတစ်လှမ်း၊ သနားကြင်နာမှုသည်သာ၊ တန်ဖိုးထားပါစားစရာစသည့် အကြောင်းအရာတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


မိုးမိုးခိုင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment