Pages

Pages

ကျိန္တလီမြို့ (Community Centre)ခန်းမတွင် အလုပ်ဆိုတာအင်အားပါစာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်




MNP ၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ညနေပိုင်းက Book Club အဖွဲ့ဝင်များဖြင့်စာရေးဆရာမ ဒေါက်တာမတင်ဝင်း၏“အလုပ်ဆိုတာအင်အားပါ”စာအုပ် ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ‌ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ Book  Club ဥက္ကဌ ဦးခင်မောင်ညိုက အလုပ်ဆိုတာအင်အားပါခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Clubအဖွဲဝင် ဦးကျော်မင်းသန်းက အလုပ်ရဲ့တန်ဖိုးထဲမှာသိက္ခာပါနေတယ်ဆိုတာသတိထားကြစေလိုပါတယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊၊Book Clubအဖွဲ့ဝင်ဒေါ်မေမြင့်ကအလုပ်လုပ်တဲ့နေရာမှာစေတနာပါပါစေခေါင်းစဉ်ဖြင့်လည်းကောင်းဖတ်ကြားပြီးအပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။


ဇော်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment