Pages

Pages

ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်း ကျင်းပ


MNP ၊ အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) Meeting Rom ခန်းမ၌ (Book Club) အဖွဲ့ဝင်များက စာရေးဆရာမြတ်ငြိမ်း ရေးသားသည့်  “သတိ ကိုယ်ဟန်မှုအရာများက စကားပြောသည်” စာအုပ်ဖြင့်  ယမန်နေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုမောင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားရာ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိမှသာ အသိပညာဗဟုသုတများ တိုးပွားလာပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ကြောင်း၊ စာပေမှရရှိသော မှတ်သားလေ့လာ ထားသည်များကို အပြန်အလှန် ပူးပေါင်းဆွေးနွေးတတ်စေရန် ရည်ရွယ်ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များက စာရေးဆရာမြတ်ငြိမ်း ရေးသားသည့် “သတိ ကိုယ်ဟန်မှုအရာများက စကားပြောသည်” စာအုပ်မှ ကိုယ်ဟန်မူရာ အဓိပ္ပါယ်ကောက်နိုင်ရန် ကြည့်ရမည့်သွင်ပြင် လက္ခဏာများ၊ ရိုးသားပွင့်လင်းခြင်း၊  ခုခံကာကွယ်ခြင်း၊ တန်ဖိုးဖြတ်ခြင်း၊ သံသယရှိခြင်း၊ ယုံကြည်စိတ်ချမှု၊ စိုးရိမ်တုန်လှုပ်မှု၊ မိမိကိုယ်မိမိ ထိန်းချုပ်မှု၊ ကိုယ်ပတ်ဝန်းကျင်ထဲမှာ မြင်တက်သိတက်ခြင်း စသည့် အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ပြည့်ဖြိုးကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment