Pages

Pages

EU-ASEAN HR Dialogue Policy ဆွေးနွေးပွဲ ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်ဆွေးနွေး

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ စိုးရိမ်ပူပန်လျက်ရှိ





MNP ၊ အောက်တိုဘာ ၃

EU-ASEAN HR Dialogue Policy ဆွေးနွေးပွဲအား ဘယ်လ်ဂျီယံနိုင်ငံတွင် ယနေ့ ၃-၁၀-၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့ရာ ဘယ်လ်ဂျီယံနိုင်ငံရှိ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် ကို ဖိတ်ကြားခဲ့သဖြင့် လက်ခံတက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ခန့်အပ်ထားသော သံအမတ်အား EU က ဖိတ်ကြားခဲ့သည့် အပေါ် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ စိုးရိမ်ပူပန်မိကြောင်း ထုတ်ပြန်ချက်များ ရေးသားထုတ်ပြန်လျက်ရှိသည်။

EU အဖွဲ့ဝင်နိုင်ငံများတချို့တွင် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ဝင်များကို ခိုလှုံခွင့် ပြုထားပြီး အစောပိုင်းက အကြမ်းဖက်လှုပ်ရှားမှုများကို  ထောက်ခံအားပေးခဲ့သော်လည်း နောက်ပိုင်းတွင် NUG အဖွဲ့ဝင်များကို လူရားသွင်း ဆက်ဆံခြင်း မရှိတော့သည့်အပေါ် NUG အကြမ်းဖက်အဖွဲ့ဝင်များ စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ဝင်များသည် အမေရိကန်နှင့် EU နိုင်ငံတချို့ကို ကျောထောက်နောက်ခံပြု၍ အကြမ်းဖက်လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့၏ လက်ပါးစေ PDF အပါအဝင် အကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၆၃၀၀ ကျော်အထိ သတ်ဖြတ်ခဲ့ကြသည်။

အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေသည့် NUG အကြမ်းဖက်အဖွဲ့က လက်ရှိနိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေသည့် အစိုးရအား အကြမ်းဖက်စစ်အုပ်စု ဟူသော အသုံးအနှုန်းဖြင့် ၎င်းတို့အား ထောက်ခံအားပေးသည့် နီပိန်းများကြားတွင် ရေးသားဖြန့်ဝေလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment