Pages

Pages

အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်နေသည့် KIA ဌာနချုပ်ကို စတင်ရှင်းလင်း


 MNP ၊ အောက်တိုဘာ ၁၀

ကချင်ပြည်နယ်၊ KIA/KIO ဌာနချုပ်ရှိသည့် လိုင်ဇာကို တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ အောက်တိုဘာ ၉ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်မှစတင်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြေမှုန်းခဲ့ရာ အကြမ်းဖက်သမား ၂၇ဦးထက်မနည်း ကျဆုံးခဲ့ကြောင်း သိရသည်။

KIA အကြမ်းဖက်အဖွဲ့သည် PDF အကြမ်းဖက်သမားများကို သင်တန်းပေးခြင်း၊ လက်နက်ရောင်းချပေးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA တပ်ဖွဲ့ဝင်များ ဦးဆောင်၍ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိပြီး သံဃာတော်များ၊ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြသည်။

တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက KIA အကြမ်းဖက်စခန်း ဌာနချုပ်အား ပစ်ခတ်တိုက်ခိုက် ခြေမှုန်းမှုနှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဘေးရှောင်စခန်းကို ပစ်ခတ်သည်ဟု မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုများ ကျယ်ကျယ်ပြန့်ပြန် လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို ကန့်သတ်ချက်များ မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး KIA, KNU အစရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ အကြမ်းဖက်လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment