Pages

Pages

မရမ်းကုန်းမြို့နယ် ရွှေရောင်သမိုင်းလူမှုကူညီရေးအသင်းမှ အသက်ကယ်အင်္ကျီ (Life Jacket)များ လှူဒါန်း



MNP ၊ အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက် ရွှေရောင်သမိုင်းလူမှုကူညီကယ်ဆယ်ရေးအသင်းရုံး၌ ယမန်နေ့နံနက်ပိုင်းက အသက်ကယ်အင်္ကျီ (Life Jacket)များ လှူဒါန်းခဲ့ကြောင်း သိရပါသည်။


အဆိုပါ အသက်ကယ်အင်္ကျီ (Life Jacket)များကို မြို့နယ်အတွင်းရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းများ ဖြစ်ကြသည့် မြန်မာ့ကြယ်ဖြူ၊ မြတ်ကုသိုလ်၊ အဖြူရောင်ပရဟိ၊ ထာဝရဖြူစင်၊ ဖေးမကူ၊ သမိုင်း(နာရေး)၊ ခေမာအောင်၊ စုပေါင်းမေတ္တာ၊ ရတနာဖြိုးစသည့် လူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူများထံသို့ ရွှေရောင်သမိုင်းလူမှုကူညီကယ်ဆယ်ရေး အထောက်အကူပြုအသင်းဥက္ကဋ္ဌ ဦးဇွဲရန်နိုင်က အသင်းတစ်သင်းကို (၃)ထည်နှုန်းဖြင့် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ရဲထွန်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment