Pages

Pages

ပြည်ခိုင်ဖြိုးပါတီ အလုပ်သမားရေးရာကော်မတီနှင့် MYANMAR SANKOU သင်တန်းကျောင်းတို့ ပူးပေါင်း၍ သင်တန်းဖွင့်လှစ်





MNP ၊ အောက်တိုဘာ ၂

ပြည်ခိုင်ဖြိုးပါတီ အလုပ်သမားရေးရာကော်မတီတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးမောင်မြင့် သည် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ယနေ့(၂.၁၀.၂၀၂၃)ရက်နေ့နံနက် ၁၀နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အလုပ်သမားရေးရာကော်မတီနှင့်  MYANMAR SANKOU သင်တန်းတို့ပူးပေါင်း၍ ကျင်းပသော သင်တန်းဖွင့်ပွဲအခမ်း သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် အလုပ်သမားရေးရာကော်မတီတာဝန်ခံ၊ ရန်ကုန်တိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်ပါတီဥက္ကဋ် ဌဦးမျိုးမင်းနိုင်၊MYANMAR SANKOU သင်တန်းကျောင်းမှမစ္စတာဆူတာနှင့်တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်က ဂျပန်နိုင်ငံသို့သွားရောက်၍ အလုပ်လုပ်ကိုင်ကြမည့် သင်တန်းသားများအား ဆုံးမအမှာစကားပြောကြားခဲ့ပြီး သင်တန်း၌ ကြိုးကြိုးစားစားသင်ယူကြရန်နှင့် ဂျပန်နိုင်ငံ၌ ငွေရှာရုံသက်သက်သာသွားရောက်ခြင်း မဟုတ်ပဲ နည်းပညာနှင့် အတွေ့အကြုံကောင်းများကိုပါ သင်ယူ၍ မြန်မာနိုင်ငံအတွက် အားကိုးရသော နိုင်ငံသားကောင်းများဖြစ်လာအောင် ကြိုးစားကြရန်မှာကြားသည်။

MYANMAR SANKOU ကုမ္မဏီမှတာဝန်ရှိ ပုဂ္ဂိုလ်များမှလည်း သင်တန်းတက်နေစဉ်အတွင်း လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများနှင့် ဆောင်ရန်ရှောင်ရန်များ ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသား ကျား(၂၁ )ဦး၊ မ(၃၂)ဦး စုစုပေါင်း(၅၃)ဦးဖြစ်ပြီး သင်တန်းသားများသည် ၇.၈.၂၀၂၃ ရက်နေ့ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ပြည်ခိုင်ဖြိုးပါတီရုံးတွင် Myanmar San Kou သင်တန်းကျောင်းမှ လာရောက်ရွေးချယ်ပြီး အောင်မြင်သူများဖြစ်၍ သင်တန်းကာလ (၁)နှစ်အတွင်း ဂျပန်နိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment