Pages

Pages

ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာ စာသင်ကျောင်းမှ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ၏ လက်နက်၊ ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်း အမြောက်အများ ဖမ်းဆီးရမိ







MNP ၊ အောက်တိုဘာ ၂၆

ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ရွာ စာသင်ကျောင်းအား NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများမှ စစ်စခန်းအဖြစ်အသုံးချပြီး မိုင်းများထောင်ထားကြောင်း ဒေသခံပြည်သူများမှ သတင်းပေးသည့်အတွက် တပ်မတော်မှ သွားရောက်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

တပ်မတော်သားများက ဒေသခံပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အဆိုပါ စာသင်ကျောင်းအား သွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့ရာ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများသည် စာသင်ကျောင်းအတွင်း လက်နက်ခဲယမ်းများ ထုတ်လုပ်နေခြင်းဖြစ်ပြီး လက်နက်၊ ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်းအမြောက်အများ သိမ်းဆည်းရရှိခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘို၊ တန့်ဆည်၊ ချောင်းဦး၊ ရေဦး၊ အရာတော်၊ ဒီပဲယင်း၊ မြင်းမူ၊ ဝက်လက်၊ ဆားလင်းကြီးမြို့နယ်များရှိ ကျေးရွာအချို့တွင် NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက စာသင်ကျောင်းများ၊ ဆေးပေးခန်းများကို ၎င်းတို့၏ အကြမ်းဖက်စခန်းများအဖြစ် အသုံးပြုနေပြီး စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိပေ။


https://t.me/MyanmarNationalPost

No comments:

Post a Comment