Pages

Pages

၂၀၂၃-ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)နှင့် Physical Fitness Dance ပြိုင်ပွဲဖွင့်ပွဲ ကျင်းပ



MNP ၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ တိုင်းဒေသကြီး လက်ရွေးစင်များ ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်သွားရန်အတွက် ‌ရည်ရွယ်ပြီး ၂၀၂၃-ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)နှင့် Physical Fitness Dance ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်း မုံရွာမြို့ တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အကဲဖြတ် အမှတ်ပေးဒိုင်များအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရာ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ကိုယ်စားပြုခရိုင်(၁၄)ခရိုင်တို့မှ အေးရိုးဗစ်ပြိုင်ပွဲတွင် လည်းကောင်း၊  Physical Fitness Dance ပြိုင်ပွဲတွင် တစ်ဦးချင်း စိတ်ကြိုက်၊ (၃)ယောက်တွဲ၊ (၉)ယောက်တွဲစသည်ဖြင့် အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ထူးချွန်ဆုရရှိသူများကို အောက်တိုဘာ(၂၄)ရက်နေ့တွင် ဆုများထိုက်ထိုက်တန်တန် ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment