Pages

Pages

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ UNGA ဆုံးဖြတ်ချက်ကို အစ္စရေးက ပယ်ချပြီး ဟားမတ်စ်တွေကို သုတ်သင်မည်ဟုဆို


တယ်လီအေဗွီ၊ အောက်တိုဘာ ၂၈

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Eli Cohen က ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အစွန်းရောက် ပါလက်စတိုင်းအဖွဲ့ ဟားမတ်စ်ကို သုတ်သင်ဖို့ အစ္စရေးက ဆုံးဖြတ်ထားတယ်လို့ ပြောကြားခဲ့သည်။

"အပစ်အခတ်ရပ်စဲရေးအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံက စက်ဆုပ်ဖွယ်ကောင်းတဲ့ တောင်းဆိုမှုကို ကျွန်တော်တို့ လုံးလုံးလျားလျား ငြင်းပယ်ပါတယ်။ အစ္စရေးက နာဇီနဲ့ ISIS ကမ္ဘာက ဆက်ဆံခဲ့တဲ့အတိုင်း ဟားမတ်စ်တွေကို ချေမှုန်းပစ်ဖို့ ရည်ရွယ်ထားပါတယ်" ဟု ဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Ref - Tass

https://t.me/MyanmarNationalPost

No comments:

Post a Comment