ဂါဇာသည် ကလေးများ၏ သင်္ချိုင်းမြေဖြစ်လာနေဟု UNICEF က ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂါဇာသည် ကလေးများ၏ သင်္ချိုင်းမြေဖြစ်လာနေဟု UNICEF က ပြော


ဂျီနီဗာ၊ အောက်တိုဘာ ၃၁

ဂါဇာကမ်းမြောင်ဒေသသည် ယနေ့အထိ ပါလက်စတိုင်းနယ်မြေအတွင်း အရွယ်မရောက်သေးသူ ကလေးငယ်များ၏ သင်္ချိုင်းကုန်းဖြစ်လာပြီး ကလေးသေဆုံးသူဦးရေမှာ ၃,၄၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှ ပြောရေးဆိုခွင့်ရှိသူ James Elder က ဂျီနီဗာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဂါဇာဟာ ကလေးတွေရဲ့ သင်္ချိုင်းကုန်းဖြစ်လာတယ်” ဟု သူကဆိုသည်။ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံး ကိန်းဂဏန်းများ အရ အနီးနားတွင် ကလေး ၃၄၅၀ ကျော် သေဆုံးခဲ့ကြောင်း Elder က ဆိုသည်။ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အနှောင့်အယှက်ကင်းစွာ စီးဆင်းနိုင်စေရန် ချက်ခြင်းအပစ်အခတ်ရပ်စဲရေးနှင့် ဖြတ်ကျော်မှုအားလုံးကို ဖွင့်လှစ်ရန် တောင်းဆိုကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ “၇၂ နာရီကြာ အပစ်အခတ် ရပ်စဲထားရင် ဒီအချိန်မှာ ကလေးတစ်ထောင် ထပ်ပြီး ဘေးကင်းမယ်လို့ ဆိုလိုတာပါ” ဟု Elder က ဆိုသည်။

ဂါဇာကမ်းမြောင်ဒေသ၏ ရေထုတ်လုပ်မှုသည် လိုအပ်သည့်ပမာဏ၏ ၅ ရာခိုင်နှုန်သာ ရှိသောကြောင့် ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ကလေးငယ်သေဆုံးမှုမှာ ဧရိယာအတွင်း ကြီးထွားလာမည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ ယင်းမှာ လောင်စာဆီပြတ်တောက်မှုကြောင့် ရေသန့်စက်ရုံအများစုသည် ရပ်နားထားရခြင်းကြောင့် ဖြစ်သည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ သေဆုံးသူ အရေအတွက်မှာ ၈၅၂၅ ဦးအထိ တိုးလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကား၍ Al Jazeera ရုပ်သံလိုင်းက အစီရင်ခံတင်ပြခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက ဂါဇာတွင် မြေပြင်စစ်ဆင်မှု အတိုင်းအတာကို အောက်တိုဘာ ၃၀ ရက်တွင် ကြေညာခဲ့သည်။


Ref - TASS

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)