Pages

Pages

အောက်တိုဘာ ၇ ရက်မှစ၍ ဂါဇာမှာ သေဆုံးသူ ၁၀,၀၀၀ ကျော်သွားပြီ


ကိုင်ရို၊ နိုဝင်ဘာ ၆

အရှေ့အလယ်ပိုင်းတွင် ပြင်းထန်သည့် တိုက်ခိုက်မှုများ စတင်ခဲ့သည့် အောက်တိုဘာ ၇ ရက်မှစပြီး ဂါဇာကမ်းမြှောင်တွင် သေဆုံးသူ အရေအတွက်သည် ၁၀,၀၂၂ ဦးအထိ ရောက်ရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကား၍ အယ်လ်ဂျာဇီးရား ရုပ်သံလိုင်းက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏ အဆိုအရ သေဆုံးသူများအနက် အနည်းဆုံး ၄၁၀၄ ဦးသည် ကလေးငယ်များ ဖြစ်ကြသည်။

ဂါဇာကမ်းမြောင်၏ ပြည်သူ့ကျန်းမာရေးစနစ်သည် ဆေးဘက်ဆိုင်ရာအကူအညီလိုအပ်သူများကို မကူညီနိုင်တော့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အလေးပေးပြောကြားခဲ့ပြီး "ဂါဇာကမ်းမြောင်ဒေသသို့ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် လောင်စာဆီများ ယူဆောင်လာရန်နှင့် ဒဏ်ရာရသူများကို ကယ်ဆယ်ရန်အတွက် လူသားချင်းစာနာထောက်ထားမှု စင်္ကြံတစ်ခုထူထောင်ရန်" တောင်းဆိုခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက မြေပြင်တပ်များသည် ဂါဇာကမ်းမြှောင်တွင် စစ်ဆင်ရေးများ တိုးချဲ့လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။


Ref - TASS 

https://t.me/MyanmarNationalPost 

No comments:

Post a Comment