ပေါင်မြို့နယ်၌တန်ဆောင်မုန်းလပြည့်နေ့တွင်စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌တန်ဆောင်မုန်းလပြည့်နေ့တွင်စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိ




ပေါင်မြို့နယ်၌တန်ဆောင်မုန်းလပြည့်နေ့တွင်စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိ

MNP ၊     နိုဝင်ဘာ    ၂၇  

ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊တန်‌ဆောင်မုန်းလပြည့်နေ့ ၊  နိုဝင်ဘာ(၂၇) ရက်နေ့တွင်  မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ စတုဒိသာကျွေးမွေးသူများ၊ အလှူဒါနပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။တန်ဆောင်မုန်းလပြည့်နေ့ တွင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင်  ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ခြင်း၊အလှူဒါနပြုခြင်း၊ရပ်ကွက်တိုင်း၊ကျေးရွာတိုင်း၌စတုဒိသာများကျွေးမွေးလှူဒါန်းခြင်း၊ လူတစ်ဦးလျှင်ဆန်တစ်ပြည်ပေးဝေခြင်း၊ ပစ္စည်းများမဲနှိုက်လှူဒါန်းပေးခြင်း၊ကျိုက်ပေါင်းဆံတော်ရှင်တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ယောဂီအဖွဲ့ (၁၇)ဖွဲ့က ဓမ္မစကြာ တရားတော်ကို အလှည့်ကျရွတ်ဖတ်ပူဇော်‌ ကာဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိသည်။ထို့ပြင် ယနေ့ညနေပိုင်း၌ပေါင်မြို့နယ်ထန်းပင်ချောင်ကြီးကျေးရွာရှိ ဗောဓိတစ်ထောင်ဘုရား၊ကဒါရပ်ကွက်ရှိ ရွှေတီဂုံဖူးမျှော်စေတီတော်၊ဇင်းကျိုက်ရပ်ကွက်ရှိမဟာကန်တော်ကြီးတို့တွင်စတုဒိသာ‌ကျွေးမွေးသွားမည်ဖြစ်ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)