Pages

Pages

တန့်ယန်းမြို့နယ်တွင် ဓမ္မဂုဏ်ရည်ရိပ်သာမိသားစုမှ တိုက်ပွဲရှောင်များအား စောင်၊ အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း




MNP ၊ နိုဝင်ဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ရောက်ရှိနေသော တိုက်ပွဲရှောင်များအား တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမိန္ဒ (စဝ်စုခမ်း) ဓမ္မဂုဏ်ရည်ရိပ်သာ မိသားစုမှ ယမန်နေ့မွန်းလွဲ ညနေပိုင်းက စောင်၊ အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ တိုက်ပွဲရှောင်များအား စောင်၊ အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းတွင် ဓမ္မဂုဏ်ရည်ရိပ်သာ မိသားစု ဒေါ်နန်းကြည်ကြည်သိန်းနှင့် အဖွဲ့မှ အခင်းနှင့် ခြုံစောင်(၁၇၀)ထည်၊ အဝတ်အထည်မျိုးစုံ (၁၂၀)ထည်နှင့် ညနေစာ ထမင်း(၂၇၅)ဗူးတို့အား စနစ်တကျ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


မင်းလွင်ဦး

https://t.me/MyanmarNationalPost 

No comments:

Post a Comment