Pages

Pages

နိုဝင်ဘာ တတိယပတ်အတွင်း ပဒက် မသာ ၅၀၀ ကျော် ဖမ်းဆီးရမိ


MNP ၊ နိုဝင်ဘာ ၂၁

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများသည် KNU, KIA, MNDAA, TNLA, AA, KNPP, CDF, CNF အစရှိသော တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များနှင့် ပူးပေါင်း၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မလွဲသာမရှောင်သာ နှိမ်နင်းနေရပြီး ယခုလ နိုဝင်ဘာ တတိယပတ် (၁၃-၁၁-၂၀၂၃) ရက်နေ့မှ (၁၉-၁၁-၂၀၂၃) ရက်နေ့အထိ အကြမ်းဖက်သမား ဖမ်းဆီးရမှုမှတ်တမ်းများအရ ပဒက် မသာ ၅၁၂ဦးနှင့် အရှင် ဖမ်းဆီးရမိ ၁၀ ရှိခဲ့ကြောင်း သိရသည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် အကြမ်းဖက်သမား ၆ဦး ရှိပြီး အကြမ်းဖက်နှိမ်နင်းမှု ဖြစ်စဉ်များအတွင်း လက်နက်ငယ် ၂၀၈ လက်၊ လက်နက်ကြီး ၁၄လက်၊ ကျည်မျိုးစုံ ၁၃၈၉၇ တောင့်၊ ဗုံးသီး ၇၆၄၇ လုံး နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများနှင့် KNU, KIA, MNDAA, TNLA, AA, KNPP, CDF, CNF အစရှိသော အကြမ်းဖက်အဖွဲ့များသည် လမ်းတံတားများကို ဖျက်ဆီးခြင်း၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များသိမ်းပိုက်ခြင်း၊ အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment