Pages

Pages

သံတွဲမြို့၌ (၄၄)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

 


MNP ၊  နိုဝင်ဘာ  ၂၆

ရခိုင်ပြည်နယ်၊သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှုကျင်းပသည့်(၄၄)ကြိမ်မြောက်၊ ခရိုင် မို့နယ်ဌာနပေါင်းစုံ ဝန်ထမ်းများနှင့် စေတနာရှင်အလှုရှင်များ၏ စုပေါင်း မဟာဘုံကထိန်လျာင်္ကန်းဆက်ကပ်လှူဒါန်းပွဲတော်ကို ယနေ့နံနက် ၉ နာရီက သီရိမင်္ဂလာမြို့ဦးတောင်ကျောင်း၌ကျင်းပပြုလုပ်ရာ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ခရိုင်အဆင့်၊မြို့နယ်အဆင့်ဌာနဆိုရာများနှင့်ဝန်ထမ်းများတက်ရောက်ကြသည်။ရှေးဦးစွာ မဟာဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတော်ကို ကြွရောက်တော်မူကြသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးတော်မူကြပြီး သီရိမင်္ဂလာမြို့ဦးတောင်ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ ဘဒ္ဒန္တရေဝတ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ် တရားတော်များ နာယူကြသည်။ ၎င်းနောက် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ် က ကထိန်လျာညှပ်သင်္ကန်းမကြီးနှင့် လှူဘွယ်ဝတ္ထုများကို  ဆက်ကပ်လှူဒါန်း ခဲ့သည်။ ဆက်လက်ပြီး ခရိုင်အဆင့်၊မြို့နယ်အဆင့် ဌာနဆိုရာများနှင့်အလှူရှင်များက ဆရာတော် သံဃာတော်များအား ၊ လှူဘွယ်ဝတ္ထုများ ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရိမင်္ဂလာမြို့ဦးတောင်ကျောင်းဆရာတော် ထံမှ ကထိန်အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခကြသည်။၎င်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွက်ဆို ဆုတောင်း၍ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြသည်။အခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပရိတ်သတ်များအားနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြသည်။

https://t.me/MyanmarNationalPost                                                                                                                

No comments:

Post a Comment