Pages

Pages

မူဆယ်မြို့တွင် ကြက်ဥတစ်လုံး (၁၀၀၀)ကျပ်အထိ ဈေးနှုန်းမြင့်တက်


MNP ၊ နိုဝင်ဘာ ၃

ရှမ်းပြည် (မြောက်ပိုင်း)တွင် မဟာမိတ် ၃ဖွဲ့ အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး ကုန်စည်စီးဆင်းမှု ပြတ်တောက်လျက်ရှိရာ ကြက်ဥတစ်လုံး (၁၀၀၀)ကျပ်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံတစ်ဦးက "မူဆယ်မြို့ ဈေးလမ်းထဲ လက်ရှိအခြေအနေပါ။ ကုန်ဈေးနှုန်းကတော့ တော်တော်တက်သွားတယ်။ ဆန်တစ်အိတ်အနည်းဆုံး ၂၈၀၀၀၀ အထိဖြစ်သွားပါပြီ။ ကြက်ဥတစ်လုံးကို တစ်ထောင်ကျပ်အထိ တက်တယ် အကို။ မြို့ထဲက နာရီစင်နားမှာတော့ ကမ်းလက်ကူညီ ပရဟိတအသင်းတစ်ခုက အချိတ်အဆက်နဲ့ တရုတ်ပြည်ကနေ သယ်လာခဲ့တဲ့ စားသောက်ကုန်တွေကို အမြတ်တစ်ရာပဲ တင်ပြီး ရောင်းချပေးနေတာလဲရှိပါတယ်။" ဟု ဆက်သွယ်ပြောဆိုသည်။

မူဆယ်မြို့၊ (၁၀၅)မိုင် ကုန်သွယ်ရေးစခန်းတွင်လည်း အကြမ်းဖက်သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဝန်ထမ်းများကို ရွှေ့ပြောင်းထားရပြီး မူဆယ်မြို့ပေါ် စာသင်ကျောင်းများကိုလည်း ခေတ္တပိတ်ထားရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment