Pages

Pages

ရှမ်းပြည် (မြောက်ပိုင်း)တွင် သောင်းကျန်းသူ နှိမ်နင်းရေး ဆောင်ရွက်နေသော တပ်မတော်သားများထံ ပြည်သူများက ပေးပို့သည့် စာလွှာများနှင့် စားသောက်ဖွယ်ရာများ ရောက်ရှိ








MNP ၊ နိုဝင်ဘာ ၃

ရှမ်းပြည်(မြောက်ပိုင်း)တွင် အောက်တိုဘာလ (၂၇)ရက်နေ့မှ စတင်၍ မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့ အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြရာ တပ်မတော်သားများက နှိမ်နင်းလျက်ရှိသည်။

အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေး ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများထံ ပြည်သူများက စာလွှာများနှင့် စားသောက်ဖွယ်ရာများ ပေးပို့ခဲ့ရာ တပ်မတော်လေယာဉ်များဖြင့် စီစဉ်ပို့ဆောင်ပေးခဲ့သည်။

တည်ငြိမ်အေးချမ်းမှုကို လိုလားပြီး အကြမ်းဖက် သောင်းကျန်းသူ နှိမ်နင်းရေး အောင်မြင်ပါစေကြောင်း စာလွှာများ ရေးသားပေးပို့ကြပြီး စာလွှာများနှင့် စားသောက်ဖွယ်ရာများ ရှေ့တန်းစစ်မျက်နှာမှ တပ်မတော်သားများထံ ရောက်ရှိပြီး တပ်မတော်သားများ၏ ပီတိအပြုံးများကိုလည်း မြင်တွေ့ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment