Pages

Pages

အကြမ်းဖက်သောင်းကျန်းသူများ နှိမ်နင်းပေးရေး နေပြည်တော်တွင် ဆန္ဒပြတောင်းဆို

 








MNP ၊ နိုဝင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် တွင် ယနေ့နံနက်ပိုင်းက မြောက်ပိုင်း မဟာမိတ်အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အကြမ်းဖက်အဖွဲ့များအား နှိမ်နင်းဆောင်ရွက်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများကို အလေးထား နှိမ်နင်းဆောင်ရွက်ပေးရန်နှင့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည့် KIA, MNDAA, TNLA, AA, PDF အဖွဲ့များ၏ အကြမ်းဖက်လှုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုန်ချကြောင်း ကြွေးကြော်၍ ဆန္ဒပြခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူဆောင်ရွက်နေသည့် ကာလတလျှောက် NLD ပါတီမှ ပေါ်ပေါက်လာသော CRPN, NUG အကြမ်းဖက်အဖွဲ့များ၏ ဦးဆောင်မှုဖြင့် PDF အကြမ်းဖက်အဖွဲ့များနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် အကြမ်းဖက်ရက်စက်စွာ သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။

https://t.me/MyanmarNationalPost



No comments:

Post a Comment