Pages

Pages

အကြမ်းဖက်သမားများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်


MNP ၊ နိုဝင်ဘာ ၂၇

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ အား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅ မိနစ်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ မိုင်းစထိမှန်ဒဏ်ရာရရှိထားသည့် အမျိုးသားနှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အမရပူရမြို့နယ်၊ ပိန်းတန်းရပ်ကွက်နေ ဦးညီညီအောင် (၄၀)နှစ်နှင့် စစ်ကိုင်းမြို့နယ်၊ ကျောက်တာကျေးရွာနေ ဦးနိုင်လင်းထက် (၃၀)နှစ် တို့တွင် လက်နှင့်ခြေထောက်တို့၌ မိုင်းစထိမှန်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဦးညီညီအောင်မောင်းနှင်ပြီး ဦးနိုင်လင်းထက် လိုက်ပါလာသည့် ကုန်တင်ယာဉ်သည် ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာအနီး၌ စက်ချို့ယွင်း ခဲ့သဖြင့် ၎င်းတို့နှစ်ဦးသည် ရွှေဘိုမြို့သို့ လိုအပ်သည့်ယာဉ်အပိုပစ္စည်းများ သွားရောက် ဝယ်ယူကာ မော်တော်ယာဉ်ရှိရာသို့ လမ်းလျောက်ပြန်လာစဉ် ညနေ ၅ နာရီခွဲခန့်တွင် ရွှေဘိုမြို့အဝင်လမ်းဘေးမှ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအား ဆိုင်ကယ်မောင်းနှင် လာသည့် PDF အမည်ခံအကြမ်းဖက်သမားနှစ်ဦး(စိစစ်ဆဲ)က လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ အဆိုပါရုံးရှေ့သို့ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ပြတင်းတံခါးမှန်နှစ်ချပ် ကွဲအက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ ယနေ့နံနက် ၅ နာရီ ၄၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့ရှိ မြို့နယ်ပြည်သူဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာရရှိထားသည့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဆိပ်ဖြူမြို့နယ်၊ ပင်းတလဲကျေးရွာနေ ဦးဇော်မျိုးအောင်(၃၁)နှစ်အား မေးစေ့နှင့် ရင်ဘတ်တို့၌ မိုင်းစထိမှန်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် နိုဝင်ဘာလ ၂၄ ရက်ညပိုင်းတွင် ဇနီးဖြစ်သူ မီးဖွားရန်အတွက် ဆိပ်ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပြီး ကျေးရွာသို့ ပြန်လာခဲ့ရာ ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ချောင်းမကြီးကျေးရွာအဝင် ကျေးရွာဆိုင်းဘုတ်အနီး အရောက် လမ်းဘေး၌ကျန်းမာရေးသွားစဉ် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment