Pages

Pages

အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေးဆောင်ရွက်နေသော တပ်မတော်သားများအား စေတနာရှင် ပြည်သူများက လှူဒါန်းမှု ၂ရက်အတွင်း ၃ဘီလီယံကျော် ရရှိ




MNP ၊ နိုဝင်ဘာ ၄

တိုင်းပြည်အတွင်း ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာ အဖွဲ့ပေါင်းစုံမှ တိုင်းဖျက် ပြည်ဖျက် အကြမ်းဖက်လုပ်ရပ်များ ဆိုးရွားစွာ ကျူးလွန်လာသည့်အချိန်တွင် ရှေ့တန်းစစ်မျက်နှာမှ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက် မိဘပြည်သူများက အလှူငွေများ ချီးမြှင့် လှူဒါန်းထောက်ပံ့လျက်ရှိရာ (၂)ရက်တွင်း ငွေကျပ် (၃)ဘီလီယံကျော် ရရှိခဲ့ကြောင်း သိရသည်။

နေပြည်တော်တွင် လာရောက်လှူဒါန်းချီမြှင့်မှု ကျပ်သိန်းပေါင်း ၂၁၉၈၄ သိန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ်သိန်းပေါင်း  ၄၃၇၅ သိန်း၊ နတခ တွင် လာရောက်လှူဒါန်းချီးမြှင့်မှု ကျပ်သိန်းပေါင်း ၇၈၁ သိန်း၊ လပခ တွင် လာရောက်လှူဒါန်းချီးမြှင့်မှု ကျပ်သိန်းပေါင်း ၃၇၅၅ သိန်း ရရှိခဲ့ပြီး စုစုပေါင်း၃၀၈၉၅ သိန်း (၃.၀၈၉၅ ဘီလီယံကျပ်) ရရှိနေပြီဖြစ်ကြောင်း သိရသည်။

တပ်မတော်သားများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူနှိမ်နင်းရေးကို ပြည်သူ့များရှေ့မှ ရပ်တည်ဆောင်ရွက်ပေးနေခြင်းကြောင့် စေတနာရှင် ပြည်သူများက စာလွှာများ၊ စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းခဲ့ကြသည်များကိုလည်း တွေ့မြင်ရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment