Pages

Pages

ယူကရိန်းသမ္မတ က ၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်ရန် သူ၏ရုံးကို ညွှန်ကြားထားကြောင်း သိရ


မော်စကို၊ နိုဝင်ဘာ ၆

ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးသည် ၂၀၂၄ ခုနှစ် နွေဦးရာသီတွင် သမ္မတ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ စတင်ရန် ၎င်း၏ရုံးကို ညွှန်ကြားထားကြောင်း ယူကရိန်းပါလီမန်အမတ် Alexey Goncharenko က ပြောကြားခဲ့သည်။

"ကျနော့်ရဲ့ အချက်အလက်တွေအရ၊ ဗလာဒီမာ ဇယ်လင်စကီးဟာ နောက်နှစ်မှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လာမယ့် ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ သမ္မတရုံး အုပ်ချုပ်ရေးကို ညွှန်ကြားထားပါတယ်" ဟု လွှတ်တော်အမတ်က ပြောကြားခဲ့သည်။

သမ္မတရုံး အုပ်ချုပ်ရေးအဖွဲ့ ကိုယ်စားလှယ်တွေက ဒီအချက်အလက်တွေကို မှတ်ချက်မပေးသေးပါဘူး။

ဗလာဒီမာ ဇယ်လင်စကီး သည် ၂၀၂၄ ခုနှစ် နွေဦးတွင် သမ္မတရွေးကောက်ပွဲကျင်းပရန် စဉ်းစားနေပြီဖြစ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmitry Kuleba က နိုဝင်ဘာလ ၃ ရက်နေ့တွင် Sky News သို့ပြောကြားခဲ့သည်။ ယူကရိန်းတွင်ပါလီမန်ရွေးကောက်ပွဲများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပရန်စီစဉ်ထားသော်လည်း စစ်အုပ်ချုပ်ရေးအောက်တွင် ကျင်းပခြင်းမရှိခဲ့ပေ။

ယူကရိန်းဥပဒေသည် စစ်အုပ်ချုပ်ရေးဥပဒေအရ သမ္မတရွေးကောက်ပွဲကျင်းပခြင်းကို တားမြစ်ထားသည်။ ဗလာဒီမာ ဇယ်လင်စကီး သည် စစ်ပွဲများ ပြီးဆုံးပြီးမှသာ နိုင်ငံတော် အကြီးအကဲ ရွေးကောက်ပွဲကို ကျင်းပနိုင်မည်ဟု ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။ သို့သော်လည်း ကိယက်ဗ်၏ အနောက်အုပ်စု မိတ်ဖက်များကမူ သတ်မှတ်သည့် အချိန်ဘောင်အတွင်း ကျင်းပရန် တောင်းဆိုကြသည်။ ဗလာဒီမာ ဇယ်လင်စကီး ၏ စကားအသုံးအနှုန်းသည် အနည်းငယ် ပြောင်းလဲသွားပြီး ၎င်း၏ အင်တာဗျူးတစ်ခုတွင် အနောက်နိုင်ငံများက ပံ့ပိုးပေးမည်ဆိုပါက စစ်အုပ်ချုပ်ရေးအောက်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ဝန်ခံခဲ့သည်။


Ref - TASS

https://t.me/MyanmarNationalPost 

No comments:

Post a Comment