Pages

Pages

ရှမ်းပြည်နယ်အစိုးရအဖွဲ့က လားရှိုးမြို့တွင် တိမ်းရှောင်နေကြသော တိုက်ပွဲရှောင်ပြည်သူများအတွက် ငွေကျပ်သိန်းငါးဆယ်နှင့် ဆန်၊ ဆီများ လှူဒါန်း


MNP ၊ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသော တိုက်ပွဲဖြစ်စဉ်များကြောင့် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိခိုလှုံနေကြသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေနှင့် ဆန်၊ ဆီများလှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။

တိုက်ပွဲရှောင်များအတွက်ထောက်ပံ့လှူဒါန်းငွေနှင့်ပစ္စည်းများကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်ရှိ ဂေါပကအဖွဲ့ထံပေးအပ်လှူဒါန်းသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့က သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိခိုလှုံနေသော တိုက်ပွဲရှောင်များအတွက် အလှူငွေ(၅၀)သိန်းကျပ်၊ ဆန်(၁၀၀)အိတ်၊ ဆီ(၁၀၀)ပိဿာတို့ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment