Pages

Pages

အလုံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား






MNP ၊ နိုဝင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းထိပ်တွင် ယနေ့ နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယနေ့ နိုဝင်ဘာ (၃)ရက် နေ့လယ် (၁၁ ၃၃)အချိန်ခန့်တွင် အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းထိပ်အမှတ်(309-A)၊ ပထမထပ်(ဝဲ)တွင် မီးလောင်မှုဖြစ်ပွားရာသို့ စမ်းချောင်း၊ အလုံမြို့နယ် မီးသတ်စခန်း၊ အလုံမြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့်ပရဟိတအဖွဲ့များမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရသည်။

ထိုသို့ သွားရောက် ငြှိမ်းသတ်ခဲ့သည့်အတွက် (၁၁ ၄၀) အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး (၁၁)နာရီ (၄၅)မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

မီးလောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


စစ်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment