Pages

Pages

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ တတိယအကြိမ် အစည်းအဝေး ကျင်းပ




နေပြည်တော် နိုဝင်ဘာ ၁၅

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ တတိယအကြိမ် အစည်း အဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အဖွဲ့ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဦးမင်းသူ၊ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူ ပြုလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။


အစည်းအဝေးတွင် “ အမျိုးသားမြေဥပဒေ (မူကြမ်း) ကို ရေးဆွဲပြုစု၍ အမျိုးသားမြေဥပဒေရေးဆွဲ ပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီသို့ တင်ပြရန် လုပ်ငန်းကိစ္စရပ်များ၊ မူကြမ်းရေးသားပြီးစီးထားသည့် အခန်းများကို လုပ်ငန်းအဖွဲ့အနေဖြင့် ဆက်လက်ဆွေးနွေးသုံးသပ်အတည်ပြုကြမည့် နည်းလမ်းများ၊ အမျိုးသားမြေအသုံးချမှုကောင်စီ၏  လမ်းညွှန်မှုအရ လုပ်ငန်းကော်မတီက ပေးပို့လာသော အမျိုးသားမြေဥပဒေမူကြမ်းတွင် ပါဝင်သင့်သည့် အခန်း၊ ခေါင်းစဉ်များ ဒုတိယမူကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။


ရေးဆွဲပြုစုလျက်ရှိသည့် အမျိုးသားမြေဥပဒေတွင် လက်ရှိကိုင်တွယ်ကျင့်သုံးနေကြသည့် ဥပဒေများ၌ မြေနှင့်စပ်လျဉ်း၍ အဓိပ္ပာယ်ဖော်ပြချက်များနှင့် ဥပဒေချင်း ဝိရောဓိဖြစ်နေသော အချက်များရှိပါက ဖြေရှင်းပေးနိုင်မည့်အချက်များ ထည့်သွင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယအကြိမ်အစည်းအဝေးတွင် မြေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်း စီမံချက်နှင့် လုပ်ငန်းအချိန်ကာလသတ်မှတ်မှုတို့ကို အကြမ်းစတင်ဆွေးနွေးခဲ့ကြပြီး လှည့်လည်စာတွဲ နှင့် ထပ်မံအကြံပြုခဲ့မှုများအပေါ် အချောသတ်ပြုစု၍ လုပ်ငန်းကော်မတီသို့ တင်ပြပေးနိုင်ခဲ့ ကြောင်းနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများအပြီးသတ်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment