Pages

Pages

OIC ထိပ်သီးအစည်းအဝေး၏ အဓိကအကြောင်းအရာများမှာ အပစ်အခတ်ရပ်စဲရေး၊ ဂါဇာကမ်းမြောင်ဒေသတွင် ဆက်လက်အခြေချနေထိုင်ရေး ဖြစ်ကြောင်း တူကီးယဲသမ္မတ ပြောကြား


အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၁၀

ဆော်ဒီအာရေဗျတွင် နိုဝင်ဘာ ၁၂ ရက်တွင်ကျင်းပမည့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အစည်းအဝေး ၏ အဓိကအကြောင်းအရာမှာ အပစ်အခတ်ရပ်စဲရေးနှင့် ဂါဇာကမ်းမြောင်ဒေသ အကျပ်အတည်းကို ပြေလည်စေမည်ဖြစ်ကြောင်း တူကီးယဲသမ္မတ အာဒိုဂန်က ပြောကြားခဲ့သည်။ 

“ဒီထိပ်သီးဆွေးနွေးပွဲရဲ့ အဓိက ခေါင်းစဉ်က အစ္စရေးနဲ့ ပါလက်စတိုင်းကြား စစ်ပွဲဖြစ်မယ်။ အသေးစိတ် အချက်အလက်အားလုံးကို ဆွေးနွေးပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးရရှိအောင် ဆွေးနွေးပွဲတွေ ကျင်းပပြီး OIC အဖွဲ့ဝင် နိုင်ငံတိုင်း တတ်နိုင်သမျှ အာရုံစိုက်သွားမှာပါ။ ပင်လယ်ကွေ့နိုင်ငံတွေ ဘာလုပ်နိုင်သလဲ၊ ပင်လယ်ကွေ့နိုင်ငံတွေ လုပ်နိုင်တာတွေကို လုပ်ပါ။ အဲဒါကြောင့် ရီယာ့ဒ် အစည်းအဝေးကို ကျွန်တော် အရမ်းအလေးထားပါတယ်။ ပါလက်စတိုင်းအတွက် အပြုသဘောဆောင်တဲ့ အစ္စလမ်မစ်နိုင်ငံတွေရဲ့ ထိလွယ်ရှလွယ်မှုတွေကို ကောင်းကောင်းသိပြီး ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို သေချာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ပြတ်ပြတ်သားသားနဲ့ ငြိမ်းချမ်းရေးကို ထိရောက်စွာ ဆောင်ရွက်ပေးရမယ်” ဟု အာဒိုဂန်၏ ပြောကြားချက်ကို ကိုးကား၍ Anadolu သတင်းဌာနက ပြောကြားခဲ့သည်။


Ref -TASS

https://t.me/MyanmarNationalPost 

No comments:

Post a Comment