Pages

Pages

TNLA သိမ်းပိုက်ထားသည် ဆိုသော နမ့်ခမ်းမြို့မရဲစခန်းကို လုံခြုံရေးတပ်ဖွဲ့များက မီးလောင်တိုက်သွင်းခဲ့ပြီ



MNP ၊ နိုဝင်ဘာ ၁၂

TNLA အကြမ်းဖက်အဖွဲ့ ထိန်းချုပ်ထားသော နမ့်ခမ်းမြို့ထဲရှိ မြို့မရဲစခန်းရှိအား တပ်မတော်မှ လက်နက်ကြီဖြင့် ပစ်ခတ်၍ မီးလောင်တိုက် သွင်းပေးခဲ့ကြောင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ယနေ့ ညနေပိုင်းက နမ့်ခမ်းမြို့နှင့် တစ်မိုင်ခန့်အကွာ စခန်းသစ်ကုန်းတွင် တပ်စွဲထားသော တပ်မတော်သားများက TNLA အကြမ်းဖက်သောင်းကျန်းသူ ပစ်မှတ်ကို ရှင်းလင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး မြို့မရဲစခန်းအနီးရှိ ပတ္တမြားခန်းမ မီးလောင်သွားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူများ ဆိုးရွာလာသည့် ရှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန်းနီ၊ ကုန်းကြမ်း၊ လောက်ကိုင်မြို့တို့တွင် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရန် စစ်အုပ်ချုပ်ရေး (Martial Law) အမိန့် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment