MNP ၊ ဒီဇင်ဘာ ၁၇
ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)က ကြီးမှူးကျင်းပ
သည့် (၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်သမိုင်း ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲ အခမ်းအနား ကို ယမန်နေ့နံနက် (၉)နာရီအချိန်က ရွှေတိဂုံစေတီတော် အလယ်ပစ္စယံရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးပြေဟိန်းနိုင်၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ(ရန်ကုန်) ဥက္ကဌ ဦးသန်းမောင်၊ သဘာ ပတိများ၊ စာတမ်းရှင် များ၊ မွန်၊ကရင်စာပေ နှင့် ယဉ်ကျေးမှုအဖွဲ့ များနှင့် စာပေချစ်မြတ် နိုးသ ူရဟန်းရှင်လူ ပြည်သူ့များ တက် ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါ်နုမြဇံတို့ကဂုဏ်ပြုအမှာစကားများအသီးသီး ပြောကြားခဲ့ ကြသည်။
ဆက်လက်ပြီး ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)ဥက္ကဌဦးသန်းမောင်ကအမှာစကားပြောကြားခဲ့သည်။
ထို့နောက်စာတမ်းရှင်ဦးဌေးဝင်း (ဌေးဝင်း - ကျောက်ဖြူ) က``ရခိုင်အမည်၏ မူလဇစ်မြစ် လေ့လာ ချက်´´စာတမ်းကိုလည်းကောင်း၊ စာတမ်းရှင် ဦးမောင်ကျော့(မောင်မောင်ကျော့-ပလက်ဝ)က``ရခိုင်ဝေသာလီခေတ် ကိန်း ဂဏန်းများ အရေး အသားကို ရှာဖွေ တင်ပြခြင်း´´စာတမ်းကိုလည်းကောင်း၊ဦးမောင်ဖြူ (မောင်ဖြူ-ကြွီတဲ ကျွန်း)က``အမိအဖ အား ရည်စူး၍ စကား အစ ရခိုင်ဝေသာလီက" စာတမ်းကို လည်း ကောင်း တင်သွင်းဖတ် ကြားခဲ့ကြပြီး သဘာ ပတိများက စာတမ်းရှင် များ၏ စာတမ်းများ အား သုံးသပ်ဆွေးနွေး ကာ တက်ရောက်လာ ကြသူများက ပြန်လည် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဒုတိယ ဝန်ကြီးဦးဇော်အေးမောင်က သဘာပတိများ၊ စာတမ်းရှင်များနှင့် ကူညီပံ့ပိုးပေးကြသူများအား ဂုဏ်ပြုမှတ်တမ်း လွှာများနှင့် ပံ့ပိုးငွေများ ကို ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) ဥက္ကဌ ဦးသန်းမောင်က နိဂုံး ချုပ်စကား ပြောကြား ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိပါသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment