Pages

Pages

ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အငြိမ်းစားဝန်ထမ်းများ ကျန်းမာရေးဆောင်ရွက်မှုနှင့်ငွေကြေးထောက်ပံ့



MNP ၊ ဒီဇင်ဘာ  ၃၀

ချင်းပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် ချင်းပြည်နယ်၊ တီးတိန်မြို့၌ တီးတိန်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးထောက်ပံ့မှုဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက တီးတိန်မြို့ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံ၌ ပြုလုပ်သည်။

ထိုသို့ အငြိမ်းစားဝန်ထမ်းများကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးထောက်ပံ့မှုဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများက အနီးကပ်ကြီးကြပ်ကာထောက်ပံ့ငွေများ ပေးအပ်သည်။

အငြိမ်းစားဝန်ထမ်းများအား ဆေးရုံအုပ်‌‌ဒေါက်တာဝင်းဖြိုးဟန်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment