Pages

Pages

ရွှေတောင်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် လှည့်လည် အသိပေးနှိုးဆော်ခြင်းများပြုလုပ်

  



MNP ၊ ဒီဇင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံး/စခန်း ရှိ တပ်ဖွဲ့ဝင်များ၊ မယားမာန်နယ်မြေမီးသတ်စခန်း ရှိ တပ်ဖွဲ့ဝင်များက  မီးဘေးလုံခြုံရေးများအတွက် ယမန်နေ့ ညပိုင်းက လှည့်လည် အသိပေးနှိုးဆာ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

     ထိုသို့  အသိပေးနှိုးဆော်ရာတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာ၍ မြို့နယ်အတွင်းမီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် အိမ်တိုင်း ခိုင်ခန့် သော မီးချိတ်၊ မီးကပ် နှင့် သဲ၊ ရေ တို့ကို ပြည့်စုံစွာထားရှိရန်၊ မီးသုံးစွဲပြီးလျှင် မီးကြွင်း၊ မီးကျန် မရှိ စေရန် စနစ်တကျ ငြိမ်းသတ်ဖုံးအုပ်ထားရန်၊ ဟောင်းနွမ် နေသော လျှပ်စစ်ဝါယာကြိုး၊ပျက်စီးချို့ယွင်းနေ သော မီး ခေါင်း၊ မီးခလုပ်များ အသုံးမကြုရန်၊ တရားမဝင် လောင်စာဆီများကို သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရန် နှင့် မီးလာင်မှုဖြစ်ပေါ်ပါက နီးစပ်ရာ မီးသတ်စခန်း (သို့) မြို့နယ်မီးသတ်ဦးစီးမှူးရုံးသို့   အမြန်ဆုံးဆက်သွယ်အကြောင်းကြားရန် စသည့် ညွှန်ကြားချက်များအား  ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံး/စခန်း ရှိ တပ်ဖွဲ့ဝင်များ၊ မယားမာန်နယ်မြေမီးသတ်စခန်း ရှိ တပ်ဖွဲ့ဝင်များမှ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက်မီးဘေးအသိ/သတိရှိစေရန်နှင့် မီးဘေးလုံခြုံရေးများအတွက် လှည့်လည် အသိ ပေးနှိုး ဆော်ခြင်းများပြုလုပ်ခဲ့ကြကြောင်းရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှသိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment