Pages

Pages

လားရှိုးမြို့ ရေပူစမ်းအပန်းဖြေစခန်းတွင် ရေပူချိုးအပန်းဖြေအနားယူသူများဖြင့် စည်ကား




MNP ၊ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အနီးရှိ ရေပူစမ်းအပန်းဖြေစခန်းတွင် ယခုရက်ပိုင်းအတွင်း ရေပူစိမ်သူ၊ ရေပူချိုးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့ရှိ ရေပူစမ်းအပန်းဖြေစခန်းကို ယခုနှစ်ဆောင်းရာသီ အပန်းဖြေရာသီအဖြစ် နှစ်စဉ် နိုဝင်ဘာ ၁ ရက်မှ စတင်ကာဖွင့်လှစ်လေ့ရှိပြီး ဖေဖော်ဝါရီလကုန်ပိုင်းအထိ ရိုးရာအစားအစာများရောင်းချသည့် ဈေးဆိုင်များတွင် လာရောက်စားသောက်ကြသူများ၊ ရပ်ဝေးရပ်နီးတို့မှ လာရောက်လေ့လာ အပန်းဖြေသူများဖြင့် စည်ကားလေ့ရှိသည်။

လားရှိုးမြို့ ရေပူစမ်းကို အပန်းဖြေစရာ နေရာစခန်းတစ်ခုအဖြစ် ၁၉၆၃ ခုနှစ်က စတင်ခဲ့သည်ဟု သိရှိရပြီး ၁၉၉၁ ခုနှစ်တွင် ခေတ်မီသော ရေပူစမ်းအပန်းဖြေစခန်းတစ်ခုအဖြစ် ပြုပြင်မွမ်းမံခဲ့ကာ လားရှိုးမြို့၏ လူသိများထင်ရှားသော အပန်းဖြေစရာနေရာတစ်ခုဖြစ်ကြောင်း သိရသည်။  

ရေပူစမ်းအပန်းဖြေစခန်းသို့ သွားရောက်အပန်းဖြေ ရေပူစိမ်လိုသူများအနေဖြင့် ယခုနှစ်တွင် ဝင်ကြေး လူတစ်ဦးတစ်ထောင်ကျပ်၊ ကားတစ်စီးနှစ်ထောင်ကျပ် ဝင်ကြေးပေးရကြောင်း သိရသည်။


စိုင်းထွန်း(လားရှိုး)

https://t.me/MyanmarNationalPost

No comments:

Post a Comment