Pages

Pages

ရွှေတောင်မြို့နယ်တွင် မြို့နယ်အတွင်းရှိ အသင်းအဖွဲ့များ မှတ်ပုံတင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP ၊ ဒီဇင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အသင်းအဖွဲ့များ မှတ်ပုံတင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အခမ်းအနား တွင် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌ ဦးဟံဝင်းအောင်က အမှာစကား  ပြောကြားရာတွင်ရွှေတောင်မြို့နယ် အနေဖြင့် လူမှုရေး ပရဟိတ အသင်းအဖွဲ့ (၁၃)ဖွဲ့ရှိရာ အသင်းအဖွဲ့ မှတ်ပုံတင်သက်တမ်းတိုးမည့် အဖွဲ့ (၃)ဖွဲ့အား လုပ်ထုံးလုပ်နည်း နှင်အညီ မှတ်ပုံတင်နိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းဖြစ် ကြောင်းနှင့် လိုက်နာရမည့် စည်းကမ်းများကို ထပ်မံ ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် " ပုရပိုဒ်‌  မောင်မယ် "လူမှုကူညီ ရေးအသင်း၊ "အောင် မေတ္တာ" လူမှုကူညီ ရေးအသင်းနှင့်  " မယားမာန်" လူမှုကူညီ ရေးအသင်းတို့က  အသင်းအဖွဲ့များ မှတ်ပုံတင်ရေးအတွက် သိရှိလိုသည်များကိုပြန်လည်မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။အဆိုပါ အစည်းအဝေး သို့ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေး ပရဟိတ အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။ 


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment