Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက်ဓာတ်အားလိုင်းကြိုးပေါ်ရှိ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း

 





MNP  ၊  ဒီဇင်ဘာ  ၁၉


ရခိုင်ပြည်နယ် မောင်တောမြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်လျှပ်စစ်ဦးစီးဌာနမှ ဓာတ် အားလိုင်းကြိုးပေါ်ရှိ သစ်ကိုင်းများအား ယနေ့ ညနေပိုင်းက မြို့ပေါ်လမ်းမကြီးတစ်လျှောက်တွင် ခုတ်ထွင်ရှင်းလင်းခဲ့ကြ သည်။ 

ထိုသို့ဆောင်ရွက်ရာတွင် လျှပ်စစ်ဦးစီးဌာနမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ  ဦးဆောင်၍ ဝန်ထမ်း များက လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရေးအတွက်  မဟာဓာတ်အားလိုင်း ဝန်အားလျော့ချချိန်များအတွင်း မြို့ပေါ်ရပ်ကွက် များသို့ သွယ် တန်း လျက်ရှိသော  မဟာဓာတ်အားလိုင်း ၁၁ ကေဗွီ မြို့တွင်း တစ်လိုင်း နှင့် ၁၁ ကေဗွီ မြို့တွင်း နှစ်လိုင်းများပေါ်ရှိ  ဓာတ် အား လိုင်းနှင့် ထိနေသော  သစ်ပင် ၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


သက်လွင်စိုး ၊ အောင်ကျော်စိန် (မောင်တော )

https://t.me/MyanmarNationalPost

No comments:

Post a Comment