Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပင်စင်ငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေးလျက်ရှိ



 MNP ၊   ဒီဇင်ဘာ  ၂၁

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊မောင်တောမြို့၌  မြန်မာ့စီပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်း စား ဝန်ထမ်းများကို ယနေ့ ၉ နာရီအချိန်မှ စ၍  ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

 ထိုသို့  ပင်စင်လစာများထုတ်ပေးရာတွင်  မြန်မာ့စီပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်း ၁၀၀၀ ကျော်ခန့် ရှိရာ သက်ကြီးရွယ်အို အငြိမ်းစားများ၏ ပင်စင်လစာငွေများ လာရောက်ထုတ်ယူသူ အငြိမ်းစားများအား  အဆင်ပြေချောမွေ့စွာ လာရောက် ထုတ်ယူနိုင်ရေးအတွက်  ပင်စင်လစာငွေများထုတ်ပေးရာတွင် လစဉ်လတိုင်း နိုင်ငံ့ ဝန်ထမ်းများ လစာထုတ်ရက် မတိုင်မီ  ၂၁ ရက် နေ့ မှ စတင်၍ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နေ့စဉ် ထုတ်ပေး လျက်ရှိပြီး  ကိုယ်တိုင် လာရောက် ထုတ်ယူ ခြင်း မရှိသူ ပင်စင်အငြိမ်းစားများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ် စား လှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိကြောင်း  မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ထံမှ သိရသည်။ 


သက်လွင်စိုး ၊အောင်ကျော်စိန် (မောင်တော )

https://t.me/MyanmarNationalPost

No comments:

Post a Comment