Pages

Pages

မန္တလေးတိုင်းဒေ သကြီးအစိုးရအဖွဲ့မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိ







MNP ၊ ဒီဇင်ဘာ ၂၆

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ အ ကွက်(၁၄၃) ၈၆လမ်း၊ ၁၈×၁၉လမ်း ကြားတွင်  မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ ဈေးနှင့်သားသတ်ဌာန၊ ဒုတိယဌာနမှူး ဦးရဲကျော်စွာနှင့် အောင်မြေသာစံမြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးရုံး၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် ဉီးစီးသည့် ဝန်ထမ်းများမှ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ယနေ့ နံနက် (၇ ၀၀)နာရီမှ စတင်၍ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် စားအုန်းဆီတစ်ပိဿာ ၅၈၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၁၉၀ ကျပ်၊ ဘဲဥတစ်လုံး ၃၂၀ ကျပ်၊ ငါးကြင်းဖြူ (မန္တလေး) တစ်ပိဿာ ၉၀၀၀ ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ ၆၅၀၀ ကျပ်၊ ငါးတန်တစ်ပိဿာ ၄၅၀၀ ကျပ်၊ ငါးမုတ်တစ်ပိ ဿာ ၄၅၀၀ ကျပ်၊ ငါးအုံတုံ တစ်ပိဿာ ၆၅၀၀ ကျပ်၊ တီလားဗီးယားတစ်ပိဿာ ၅၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိသာ ၁၈၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ကြက်သား တစ်ပိဿာ ၉၀၀၀ ကျပ်၊ ခရမ်းသီး တစ်ပိဿာ ၁၀၀၀ ကျပ်၊ ဗူးသီးတစ် လုံး ၅၀၀ ကျပ်၊ ဂေါ်ဖီထုပ်တစ်လုံး ၅၀၀ ကျပ်၊ ဂေါ်ရခါးသီး ၅၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ ၁၀၀၀ ကျပ်၊ ပန်းဂေါ်ဖီတစ်ထုပ် ၇၀၀ ကျပ်နှုန်းတို့ဖြင့် ပြင်ပပေါက်ဈေးများထက် အထူးသက်သာသော နှုန်းထားများဖြင့်ရော င်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment