(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် အထိမ်းအမှတ်ပြခန်းများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် အထိမ်းအမှတ်ပြခန်းများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP ၊ ဒီဇင်ဘာ  ၂၆

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် အထိမ်းအမှတ်ပြခန်းများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး   လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ လူမှုရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အလံတင်အခမ်းအနား၊ လွတ်လပ်ရေးနေ့အခမ်းအနားများ အပြင်ပြခန်းများ၊ ဒေသမှထွက်ရှိသော MSME နှင့်ပတ်သက်သောပြခန်းများ၊ သစ်သီးဝလံ ပန်းမန်းပြိုင်ပွဲ၊ မွေးမြူရေးပြိုင်ပွဲ၊ စံပြမိခင်နှင့်ကလေးပြိုင်ပွဲ၊ ဈေးရောင်းပွဲများ၊ အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြခန်းများ၌လာရောက်ကြည့်ရှုသော ပြည်သူများကိုစွဲဆောင်နိုင်အောင် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပြခန်းအတွင်း ခင်းကျင်းပြသမည့် ပြကွက်များအပြင် ပြပွဲ၊ပြိုင်များကို ပြုလုပ်ကျင်းပပေးစေလိုကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဌာနဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များနှင့် ပြသမည့်ပစ္စည်းများကို တင်ပြဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဝင်များက ပြခန်းအတွင်း ခင်းကျင်းပြသမည့် ဌာနဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဒေသထွက်ကုန်များ၊ ပစ္စည်းများအပြင် ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများ ထည့်သွင်းပြုလုပ်ကျင်းပသွားမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများတွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ဌာနအလိုက်လုပ်ငန်းဆောင်ရွက်မှု ပြကွက်များနှင့် မှတ်တမ်းဓါတ်ပုံများ၊ မှတ်တမ်းမှတ်ရာပစ္စည်းများနှင့်လုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ဒေသထွက်ကုန်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများနှင့် တူရိယာပစ္စည်းများအား ပြခန်း(၁၃)ခန်းတွင် ခင်းကျင်းပြသပေးမည့်အပြင် လာရောက်ကြည့်ရှုသော ပြည်သူလူထုများအား ကျန်းမာရေးဌာနပြခန်းက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ၄ ရက်နေ့နှင့် ၅ ရက်နေ့ ညပိုင်းတို့တွင် ဖျော်ဖြေရေးအစီအစဉ်များပါရှိမည်ဖြစ်ကြောင်းကို သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)