Pages

Pages

အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) (၁၆)ကြိမ်မြောက် ပန်းပွဲတော် "Flower Dreamland" ဖွင့်ပွဲအခမ်းအနားကျင်းပ



MNP ၊ဒီဇင်ဘာ ၁၈

အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) (၁၆)ကြိမ်မြောက် ပန်းပွဲတော် "Flower Dreamland" ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွန်ကြားရေးမှူး ဦးယဉ်ထွေး၊ မန္တလေးတိုင်း ဒေသကြီးသယံဇာတဝန်ကြီး ဦးရွှေစင်၊ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ မန္တလေးတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တပ်နယ်လက်အောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင်ရဲမှူး ဒုရဲမှူးကြီးဝဏ္ဏစိုးအောင်၊ ပြင်ဦးလွင်ခရိုင်သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သူ၊ ပြင်ဦးလွင်ခရိုင်မန်နေဂျာ ဦးမြသောင်း၊ ပြင်ဦးလွင်မြို့ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းသင်းအိ၊ ပြင်ဦးလွင်ခရိုင်ပညာရေးမှူး ဒေါက်တာ ရွှေစင်အိနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊  ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ်ရဲမှူး ရဲမှူးကျော်ဝင်းနှင့် မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ လာရောက်လည်ပတ်သူများ စုစုပေါင်းအင်အား (၈၀၀)ဦးခန့် တက်ရောက်သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ အဖွင့် အမှာစကားပြောပြီး၊ Ginko Nursery Co.Ltd.မှ  Executive  Director  Mr Ben Tan Tze  Who နှင့် Htoo Group Of Companies ၏ အကြံပေးပုဂ္ဂိုလ်  ဦးမြင့်ဆွေတိုမှ   ပန်းပွဲတော်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ပြောကြားသည်။

ထို့နောက် ပန်းပွဲတော်အား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရဓာတ်ပုံများရိုက်ကူးခဲ့သည်။ ဆက်လက်၍  မြို့မတူရိယာတေးဂီတအဖွဲနှင့်အတူ တေးသံရှင် ဖိုးသောကြာနှင့် နာမည်ကျော် တေးသံရှင်များမှ တေးသီ ချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ Dancer အကအဖွဲ့များက ကပြဖျော်ဖြေ တင်ဆက်ကပြပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

(၁၆) ကြိမ်မြောက် ပန်းပွဲတော် "Flower Dreamland" တွင် ပြည်တွင်း/ပြည်ပမှ ပန်းမျိုးစိတ် (၄၀)ခန့် အရေအတွက်အားဖြင့် (၂၀၀,၀၀၀)ကျော်ကို ပြကွက်အသီးသီးအား လှပဝေဆာစွာ စိုက်ပျိုးပြသထားပြီး ပန်းပွဲတော်နှင့်အတူ Music Show Dance Performance ဈေးပွဲတော်၊ ကုန်စည်ပြပွဲများနှင့် နေ့စဉ်ဖျော်ဖြေရေးအစီအစဉ်များအား ၂၀၂၃ ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၂၀၂၄ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment