Pages

Pages

ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သား ပေးပို့နိုင်ရန် မူအားဖြင့် နိုင်ငံတော်အစိုးရမှ ခွင့်ပြုထားပြီး ကိုရီးယား - မြန်မာ MoU ရေးထိုးနိုင်ရန် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာန ဖြေကြား




MNP ၊ ဒီဇင်ဘာ ၁၉

ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သား ပေးပို့ရန် ကိစ္စနှင့် ပတ်သက်၍ မီဒီယာမှ မေးမြန်းမှုအပေါ် အလုပ်သမားဝန်ကြီးဌာနမှ ပြန်လည် ဖြေကြားရာတွင် နစကအစိုးရမှ မူအားဖြင့် ခွင့်ပြုထားပြီး ဖြစ်သော်လည်း ကိုရီးယားနိုင်ငံ ဒေသန္တရအစိုးရနှင့် မြန်မာနိုင်ငံ ဒေသအစိုးရတို့ MoU ရေးထိုးနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ ရာသီချိန်လုပ်သား ခေါ်ယူမှုနှင့် ပတ်သက်၍ ထုတ်ပြန်ထားရာတွင် -

မြန်မာနိုင်ငံမှ ရာသီချိန်အလုပ်သမားများ စေလွှတ်ခြင်းနှင့် ပတ်သက်သည့် အချက်အလက်စာရွက်စာတမ်းများ အင်တာနက်ပေါ်တွင် ဖြန့်ဝေနေကြောင်း အတည်ပြုတွေ့ရှိခဲ့ပါကြောင်း၊ အဆိုပါ စာရွက်စာတမ်း သတင်းအချက်အလက်များသည် ကိုရီးယားအစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးတို့နှင့် သက်ဆိုင်မှုမရှိပါကြောင်းနှင့် ကိုရီးယားအစိုးရမှ မြန်မာနိုင်ငံရှိ ရာသီချိန်အလုပ်သမားများနှင့် ပတ်သက်သည့် မည်သည့် ကြေငြာချက်ကိုမျှ ထုတ်ပြန်‌ကြေငြာထားခြင်းမရှိပါကြောင်း အသိပေးပြောကြားအပ်ပါသည် ဟု ပထမတစ်ကြိမ် က ထုတ်ပြန်ခဲ့သည်။

ထပ်မံ၍ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၈ ရက် နေ့က ထုတ်ပြန်ရာတွင် "မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ ၂၀၂၃ခုနှစ် အောက်တိုဘာလ ၂၃ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါသော်လည်း မြန်မာနိုင်ငံသား ရာသီချိန် လုပ်သား စေလွှတ်ရေးနှင့် စပ်လျဉ်းသော ကြော်ငြာများကို မြေပြင် (Offline) နှင့် အွန်လိုင်း (Online)ပေါ်တွင် ဆက်လက် ကြော်ငြာနေဆဲရှိသည်ကို တွေ့မြင်နေရပါသည်။ ကိုရီးယားနိုင်ငံအစိုးရသည် မြန်မာနိုင်ငံသား ရာသီချိန်လုပ်သားနှင့် ပတ်သက်စပ်လျဉ်းသော မည်သည့် ညွှန်ကြားချက်နှင့် ရပ်တည်ချက်ကိုမျှ ကြေညာချက်ထုတ်ပြန်ထားခြင်း မရှိကြောင်း ထပ်မံ အသိပေးအပ်ပါသည်။ ထို့အပြင် ခိုင်လုံသော သက်သေမရှိဘဲ ကိုရီးယားအစိုးရ၏ ရပ်တည်ချက်ကို ကိုယ်စားပြု ကြေညာသည့် အပြုအမူများကို အထူး သတိပေးအပ်ပါသည်။" ဟု ထုတ်ပြန်ခဲ့သည်။

     

https://t.me/MyanmarNationalPost

No comments:

Post a Comment