Pages

Pages

Nord Stream တိုက်ခိုက်မှုတွင် အနောက်နိုင်ငံများ ပါဝင်ပတ်သက်မှုနှင့်ပတ်သက်၍ မီဒီယာအစီရင်ခံချက်များကို ဖြစ်နိုင်ချေရှိသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး သုံးသပ်



မော်စကို၊ ဒီဇင်ဘာ ၁၈

Nord Stream ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲမှုနောက်ကွယ်မှာ အနောက်ထောက်လှမ်းရေးအေဂျင်စီတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေဟာ ဖြစ်နိုင်ခြေရှိတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ပြောခဲ့ပါတယ်။

အနောက်တိုင်း ထောက်လှမ်းရေးအေဂျင်စီတစ်ခုမှ အထူးတပ်ဖွဲ့တစ်ဖွဲ့သည် Nord Stream ပိုက်လိုင်းများကို မီတာ ၂၅၀ အနက်အထိ ရေငုပ်နိုင်စေသည့် ကိရိယာများကို အသုံးပြု၍ ဖောက်ခွဲရာတွင် ပါဝင်ခဲ့ကြောင်း အနောက်မီဒီယာတစ်ခုမှ မကြာသေးမီက ဖော်ပြခဲ့ပါတယ်။

"ဆက်စပ်စစ်ဆေးမှုတွေ ပြီးသွားတဲ့အခါ ဒါက နောက်ဆုံး နိဂုံးချုပ်ဖြစ်မလားတော့ မသိပါဘူး၊ ဒါပေမယ့် လူခြောက်ယောက် ခရီးသွားနေတဲ့ Andromeda ရွက်လှေပေါ်မှာ ဝိုင်ငါးပုလင်းနဲ့ ရေထဲခုန်ချသွားတဲ့ ဇာတ်လမ်းထက် အများကြီး ပိုဖြစ်နိုင်ချေရှိပါတယ်။ ပြီးတော့ ဒီအကြမ်းဖက်လုပ်ရပ်ကို လုပ်ခဲ့တယ်” ဟု Lavrov က ထောက်ပြသည်။

"Anglo-Saxon ရှိ အထူးတပ်ဖွဲ့များနှင့် အခြားနိုင်ငံများမှ ကျွမ်းကျင်သူများသည် အကြမ်းဖက်တိုက်ခိုက်မှုများတွင် ဆက်လက်ပါဝင်နေကြသည်ဟု  ရုရှားထိပ်တန်းသံတမန်က မြင်ပါတယ်။

အစောပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က Nord Stream နှင့် Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းများကို အမေရိကန် သို့မဟုတ် အခြားသူတစ်ဦးဦးက ဖောက်ခွဲခဲ့ခြင်း ဖြစ်နိုင်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။


Ref - TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment