Pages

Pages

ရှမ်းပြည်(မြောက်ပိုင်း)တွင် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည့် TNLA အကြမ်းဖက်အဖွဲ့ဝင် အများအပြား အသေဖမ်းဆီးရမိ



MNP ၊ ဒီဇင်ဘာ ၂၃

ရှမ်းပြည်(မြောက်ပိုင်း)တွင် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည့် TNLA အကြမ်းဖက်အဖွဲ့ဝင်များကို တပ်မတော်သားများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပူးပေါင်းနှိမ်နင်းဆောင်ရွက်လျက်ရှိရာ TNLA အကြမ်းဖက်သမား အမြောက်အများ အသေရရှိခဲ့ကြောင်း သိရသည်။

TNLA အကြမ်းဖက်အဖွဲ့၏ သတင်းထုတ်ပြန်ချက်များတွင်လည်း တပ်မတော်က နှိမ်နင်းဆောင်ရွက်နေသည့်အပေါ် လူထုကို ပစ်မှတ်ထား တိုက်ခိုက်နေပါသည်ဟု မဟုတ်မမှန် လုပ်ကြံဖန်တီး ဝါဒဖြန့်ချိမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်လက်ရှိသည်ကို တွေ့မြင်ရသည်။

ရှမ်းပြည် (မြောက်ပိုင်း)တွင် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များသည် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ အလုံးစုံပျက်သုဉ်းရေး အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေကြခြင်း ဖြစ်သည်။


Myanmar National Post

https://t.me/MyanmarNationalPost

No comments:

Post a Comment