Pages

Pages

ဂွမြို့နယ်တွင်အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပေး




MNP  ၊  ဇန်နဝါရီ   ၂၅

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၏ ၂၀၂၄-ခုနှစ်၊လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ရပ်ဖြစ်သော အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစ၍မြို့နယ်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကောက်ယူ ဆောင်ရွက်လျက်ရှိရာ   အဆိုပါ အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့   ဉက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလ၂၅ရက်တွင် ကင်းရုံးရပ်ကွက်မှ စတင်၍  မြို့ပေါ်(၆) ရပ်ကွက် အတွင်း၌ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး မတ်လကုန်အထိ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု မြို့နယ်ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment