အလယ်တန်းအဆင့် အောင်မြင်ပြီး ကျောင်းသားကျောင်းသူများအတွက် မွေးမြူရေးအတတ်ပညာ သင်ယူနိုင်မည့် အခွင့်အလမ်းများ ဆွေးနွေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလယ်တန်းအဆင့် အောင်မြင်ပြီး ကျောင်းသားကျောင်းသူများအတွက် မွေးမြူရေးအတတ်ပညာ သင်ယူနိုင်မည့် အခွင့်အလမ်းများ ဆွေးနွေးဟောပြောပွဲကျင်းပ

 






MNP ၊   ဇန်နဝါရီ    ၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်သည့် ကျောင်းသားကျောင်းသူများအတွက် မွေးမြူရေးအတတ်ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများ ချပြရှင်းလင်းခြင်းနှင့် ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းတို့ကို ယနေ့ နံနက်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာကြည်က အလယ်တန်းအဆင့် အောင်မြင်ပြီး ကျောင်းသားကျောင်းသူများအတွက် ပညာဆက်လက်သင်ယူနိုင်မည့် လမ်းလေးသွယ်တို့ကို ရှင်းလင်း အမှာစကားပြောကြားသည်။

ယင်းနောက် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်က Grade-9 အောင်မြင်ပြီးပါက စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးကျောင်းသို့ တက်ရောက်ပြီး မွေးမြူရေးဘာသာအထူးပြု သင်ယူသူများအတွက် သင်ကြားပေးနေမှုပုံစံများ၊ သင်ယူပြီးမြောက်ပြီး အထူးအောင်၊ အဆင့်မီအောင်သူတို့အတွက် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၌ ဆက်လက်ပညာသင်ကြားနိုင်မှုများနှင့် ရိုးရိုးအောင်မြင်သူတို့အတွက်ရရှိမည့် မွေးမြူရေးအတတ်ပညာအောင်လက်မှတ်နှင့်အသက်မွေးဝမ်းကျောင်းနိုင်မှု အခွင့်အလမ်းများ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားကာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာခွန်မင်းမောင်က ခွေးရူးရောဂါဆိုင်ရာ သိကောင်းစရာတို့ကို ဆွေးနွေးဟောပြောသည်။

အဆိုပါ အခမ်းအနားသို့ သထုံခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ Grade-9 သင်ကြားနေကြသည့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)