အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေး နည်းစနစ်ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေး နည်းစနစ်ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ





MNP  ၊ ဇန်နဝါရီ  ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ အခမ်းအနားကို တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဆိုသည်မှာ ဘေးအန္တရာယ်ဟူသမျှ စိတ်ဓာတ်ကြံခိုင်စွာ၊ ရဲရင့်စွာ ရင်ဆိုင်နိုင်ရေး ကြိုတင်လေ့ကျင့် ထားရမှာဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရာတွင် မှားယွင်းမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ကြဖို့လိုကြောင်း၊ ဘေးအမျိုးမျိုး ကြုံတွေ့လာပါက မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် လူမျိုးရေးခွဲခြားမှုမရှိဘဲ မွန်မြတ်သည့် ပရဟိတစိတ်၊ လူမှုကရုဏာစိတ်များဖြင့် ကူညီဆောင်ရွက်ခြင်းကိုသာ လုပ်ဆောင်ကြစေလိုကြောင်း၊ စိတ်ဓာတ်ခိုင်မာတည်ကြည်ပြီး စွမ်းဆောင်ရည်နဲ့ အတွေ့အကြုံရင့်ကျက်မှု၊ နည်းပညာများ လေ့လာထားမှုအပေါ်မူတည်ပြီး ပြည်သူများကို အလုပ်အကျွေးပြုကြဖို့ လိုအပ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရှာဖွေကယ်ဆယ်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ စဥ်ဆက်မပြတ် လေ့ကျင့်နေကြဖို့လိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို (၁၈.၁၂.၂၀၂၃) မှ (၁၂.၁.၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ သန္ဓေတပ်ဖွဲ့ဝင်(၁၀)ဦး၊ ပုသိမ်ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနများမှ သန္ဓေတပ်ဖွဲ့ဝင်(၄၀)ဦး၊ စုစုပေါင်း(၅၀)ဦး တက်ရောက်သင်ကြားခဲ့ကြပြီး သင်တန်းဆင်းပွဲတွင် သင်တန်းမှ သင်ကြားပေးသည့် ကယ်ဆယ်ရေးလုပ်ငန်း သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)