Pages

Pages

ဂွမြို့နယ် မကျေးငူကျေးရွာ တောင်ဘက်ခြမ်းတွင်လူနေအိမ်တစ်လုံးမီးလောင်ကျွမ်းမှုဖြစ်

 




MNP ၊  ဇန်နဝါရီ   ၃၀

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် မကျေးငူကျေးရွာ တောင်ဘက်ခြမ်းတွင်ယမန်နေ့ည(၁၀)နာရီ၅မိနစ်အချိန်က လူနေအိမ်တစ်လုံးမီးလောင်ကျွမ်းမှုဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မကျေးငူကျေးရွာနေ ဒေါ်အိအိထွေးသည် ဘုရားစင်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ အနီးရှိ ဝါးထရံသို့ ကူးစက်လောင်ကျွမ်းခဲ့ပြီး အလျား၁၅ပေ၊ အနံ၁၄ပေ၊ အမြင့်၁၅ပေ တစ်ထပ် ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းလူနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိ ဦးမျိုးမင်းထွန်းဦးဆောင်သည့် သန္ဓေတပ်ဖွဲ့ဝင်(၁၀)ဦးက မီးလောင်ပြင်သို့ အချိန်မီရောက်ရှိပြီး ည၁၀နာရီ၂၀မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် အိမ်ရှင်ဒေါ်အိအိထွေးအား မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment