MNP ၊ဇန်နဝါရီ ၂
နေပြည်တော်လူမှုဝန်ထမ်းရုံးနှင့် အလှူရှင်များစုပေါင်း၍ (၃၁) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ဘိုးဘွားရိပ်သာ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ နေပြည်တော်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းမှ တာဝန်ရှိသူများ၊ နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်ဘဝမြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ စေတနာရှင် အလှူရှင်များတက်ရောက်ကြသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှူးပြုသော ဆရာတော် သံဃာတော် ၁၀၈ ပါးနှင့် သီလရှင် ၄၅ ပါးတို့အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ပျဉ်းမနားမြို့နယ် ဘိုးဘွားရိပ်သာအတွက် အလှူငွေများပေးအပ်လှူဒါန်းပြီး ပျဉ်းမနားမြို့နယ် ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား ၃၇ ဦးအား ထောက်ပံငွေများနှင့် ဆေးဝါးပစ္စည်းများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment