Pages

Pages

ပေါင်မြို့နယ်၌ အသံမစဲ ဥပ္ပါတသန္တိ ပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

  




MNP ၊    ဇန်နဝါရီ      ၂၄

မြို့နယ်စီမံအုပ်ချုပ်‌ရေး အဖွဲ့မှကြီးမှူးကျင်းပသော အသံမစဲ ဥပ္ပါတသန္တိ ပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နေ့ည‌နေ (၅)နာရီ က ပေါင်းရပ်ကွက် ကျိုက်ပေါင်းဆံတော်ရှင် ရင်ပြင် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး နတ်ဗြဟ္မာများအား ပင့်ဖိတ်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပေါင်းရပ်ကွက်ဘုရားကြီးကျောင်းတိုက်ဆရာတော်

ဦးစီးပဓါနနာယကဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး မြို့နယ်

သံဃနာယကအဖွဲ့ဝင်   ဆရာ‌တော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်နေမှုကို    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် နှင့်အဖွဲ့ဝင်များ ၊ဌာနဆိုင်ရာများ၊တရားနာပရိသတ်များ ကကြည်ညိုခဲ့ကြသည်။

အဆိုပါ အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ် ပူဇော်ပွဲကို

ဇန်နဝါရီ (၂၄) ရက်မှ ဇန်နဝါရီ (၂၆) ရက်အထိ(၃) ရက်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment