Pages

Pages

မိုင်းတုံမြို့နယ်တွင် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ခေတ်မီမြေတိုင်းစက်ဖြင့် တိုင်းတာ‌နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP ၊ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊မိုင်းတုံ မြို့နယ်လယ်ယာ‌မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက မိုင်းဟန်ကျေးရွာအုပ်စု၊ မိုင်းဟန်ကျေးရွာသို့ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး (RTK GPS, Total Station) ခေတ်မီမြေတိုင်းစက်ဖြင့် ကွင်းဆင်းတိုင်းတာနေမှုကို ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးဦး‌ဆောင်၍ မြို့နယ်ရဲမှူး၊ မြို့နယ်သစ်တော၊ မြို့နယ်စိုက်ပျိုးရေး၊ မြို့နယ်လဝကနှင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး မြို့နယ်လုပ်ငန်းအဖွဲ့အတွင်းရေးမှူး မြို့နယ် လယ်ယာ‌မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှဦးစီးအရာရှိ ဦးကိုကိုမောင်တို့က ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးလုပ်ငန်းကို ၂၀၂၃-၂၀၂၄ဘဏ္ဍာ‌ရေးနှစ် ရှမ်း ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာ‌ရေးရန်ပုံငွေဖြင့် မိုင်းတုံမြို့နယ်၊ မိုင်းဟန်ကျေးရွာရှိ ဒေသခံပြည်သူများ လူနေထိုင်သည့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ရှေ့ပြေးအနေဖြင့် မိုင်းတုံမြို့နယ် လယ်ယာ‌မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက (RTK GPS, Total Station) ခေတ်မီမြေတိုင်းစက်ဖြင့် ကွက်စိတ်၊ ကွက်ကျဲကွင်းဆင်းတိုင်းတာနေခြင်းကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့မှ စတင်ဆောင်ရွက် ခဲ့ကြောင်းသိရသည်။ ယင်းသို့ဆောင်ရွက်နေခြင်းသည် ကျေးရွာအတွင်း နေထိုင်ပိုင်ဆိုင်သူများကို ထုတ်ပေးမည့် မြေဂရန်မှာ နှစ် (၃၀)ဂရန်ဖြစ်၍ သားစဉ်မြေးဆက် ပိုင်ဆိုင်မှုခိုင်မာမည်ဖြစ်၍ ဥပဒေနှင့်အညီ အမွေဆက်ခံပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း၊ ငွေကြေးအရင်းအနှီး လိုအပ်ပါကလည်း ဘဏ်တွင် ဥပဒေနှင့်အညီ အတိုးနှုန်းနည်းပါးစွာဖြင့် ပေါင်နှံနိုင်မည်ဖြစ် ကြောင်း၊ ပြည်သူလူထု အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း အကျိုးခံစားရမည်ဖြစ်ကြောင်းကို မြို့နယ်လယ်ယာ‌မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုမောင်ထံမှ သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment