ဆေးဝါးတက္ကသိုလ် (မန္တလေး)၌ လွတ်လပ်ရေးနေ့အကြို ကဗျာ၊ စာစီစာကုံးပြိုင်ပွဲနှင့် နှစ်သစ်ကို ကြိုဆိုခြင်း အခမ်းအနားပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆေးဝါးတက္ကသိုလ် (မန္တလေး)၌ လွတ်လပ်ရေးနေ့အကြို ကဗျာ၊ စာစီစာကုံးပြိုင်ပွဲနှင့် နှစ်သစ်ကို ကြိုဆိုခြင်း အခမ်းအနားပြုလုပ်

 



MNP  ၊ ဇန်နဝါရီ  ၂

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောတွင်ကျေးရွာအနီးရှိ ဆေးဝါးတက္ကသိုလ်(မန္တလေး)တွင် လာမည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ၂၀၂၄ နှစ်သစ်ကြိုဆိုပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘက်စုံခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နှစ်သစ်ကြိုဆိုပွဲတွင် ဆေးဝါးတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းမေစောက ဆေးဝါးတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများကို နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အားအင်အသစ်များဖြင့် နိုင်ငံအကျိုး၊ ကျောင်းတော်ကြီးအကျိုးများ ဆထက်ထမ်းပိုး ထမ်းဆောင်နိုင်သူများဖြစ်ပါစေကြောင်း ဆုမွန်ကောင်းများတောင်းပြီး ဆရာ၊ဆရာမနှင့်ဝန်ထမ်းများအတွက် နှစ်သစ်လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

လွတ်လပ်ရေးအကြိုကဗျာနှင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရရှိသူများကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကျင်းပမည့်၊ လူငယ်စကားဝိုင်းနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတွင် ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


စိုးသီဟ(အမရ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)