Pages

Pages

ပေါင်မြို့နယ်၌(၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ပြုလုပ်

 




MNP ၊  ဇန်နဝါရီ   ၂

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ (၇၆)နှစ် မြောက်  လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနပေါင်းစုံ

ပိုက်ကျော်ခြင်း ပြိုင်ပွဲ  ပြုလုပ်

ခြင်းကိုယနေ့နံနက်(၈)နာရီက မြို့နယ်အားကစားရုံ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသံမရောင် ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်နှင့်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ‌ဦးစီးအရာရှိ ဒေါ်အေးသီတာအောင် တို့က စတင်ယှဉ်ပြိုင်ကြမည့် အသင်းများအား  စည်းမျဉ်း၊စည်းကမ်းများပြောကြားပြီး ပါဝင်ယှဉ်ပြိုင်ကြမည့် အသင်းသားများက မဲနိုက်ပြီး     အမှတ်စဉ်သတ်မှတ်ကာ ပြိုင်ပွဲကိုစတင်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဌာနဆိုင်ရာ အသင်း (၅)သင်းကပါဝင်ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသူများအား ဇန်နဝါရီ (၄)ရက် လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment